 မိမိ၏ ကိုယ်ခန္ဓာ အလေးချိန် ရှိသင့်သည် ထက်ပိုပြီး ဝဖြိုးလာပါက အစားအစာများကို နေ့စဉ် စားသောက်သည်ထက် ပိုပြီး လျှော့စားရန်လိုအပ်ပါ
သည်။
 မိမိနေ့စဉ် စားသောက်နေသော အစားပမာဏ၊ အဆီအဆိမ့်နှင့် အချိုဓာတ်များကို တန်ပြန် ချေဖျက်ပေး နိုင်သည့် ကိုယ်လက် လှုပ်ရှားမှုမျိုး ရှိရန်
လိုအပ်ပါသည်။
 အဆီဓာတ် များသော ဟင်း အဆီအနှစ်များ၊ ဆီပါ အစားအစာများ၊ အချိုဓာတ် များသော အစားအသောက်များ၊ နို့နှင့်နို့ထွက် ပစ္စည်းများ၊ ဂက်စ်ပါ
သောအချိုရည် နှင့် ရေခဲရေ သောက်သုံးခြင်းကို အတတ်နိုင်ဆုံး ရှောင်ကြဉ်ပါ။
 သွားရည်စာမျိုးမျိုး ကို အမှန်တကယ် ဆာလောင်၍ မဟုတ်ဘဲ အဆာပြေ အပျင်းပြေ (သို့) စိတ်ညစ်၍ စားသောက်ခြင်း ကို ရှောင်ကြဉ်ပါ။
 ညနေစာကို အတတ်နိုင်ဆုံး စောပြီးစားရန်နှင့် ညအိပ်ယာ ဝင်ခါနီး မနေနိုင်အောင် ဆာလောင်မှသာ လတ်ဆတ်သော သစ်သီးများ၊ အချို နှင့် အဆီ
အဆီနည်းသော သဘာဝ သစ်သီး ဖျော်ရည်များကို သောက်ပါ။ တစ်နေ့ အနည်းဆုံး ရေ (၈) ခွက် သောက်ပါ။
 မဖြစ်မနေ ဝိတ်ချသူများ အနေနှင့် ဖြစ်နိုင်လျှင် နံနက်စာကို ဟင်းချို ပန်းကန်လုံး အသေးနှင့်တစ်လုံး၊ ညနေစာကို ထမင်း လုံးဝ မစားဘဲ လတ်ဆတ်
သော သစ်သီးဝလံများနှင့် ဟင်းသီးဟင်းရွက် ပြုတ်၊ သုတ် များကိုသာစားပါ။
 နေ့ခင်း နေ့လည် ခဏတာ လဲလျောင်း အပန်းဖြေသည်မှ လွဲ၍ မနက်စာ နှင့် ညစာစားပြီး ချိန်တွင် အနားယူအိပ်စက်ခြင်းကို အထူး ရှောင်ကြဉ်ပါ။
 မိမိ တစ်သက်လုံး စိတ်ကြိုက် အ၀စားသောက်ခဲ့ပြီး အလွန်အမင်း ဝဖြိုးလာမှ အလျှင်အမြန်ပိန်လိုခြင်းသည် သဘာဝကို လွန်ဆန်သော နည်း ဖြစ်
ပါ၍ သင်တန်းသူများ ဘက်မှလည်း အဆီလာချလျှင် ရက်မပျက်ဘဲ မှန်မှန်လာရန် နှင့် အစားအစာများ စိတ်ကြိုက် စားသောက်ခြင်းကို ထိန်းချုပ်ပေးရန်
လို ပါသည်။
 မည်သည့် နည်းနှင့် မဆို ဝိတ်ချထားလည်း ဆက်လက် ထိန်းသိမ်းမှု မရှိလျှင် အနှေးနှင့်အမြန် ပြန်တက်နိုင်ပါ၍ အစားလျှော့ခြင်း (သို့) ကိုယ်လက်
လှုပ် ရှား ကစားခြင်းများဖြင့် ထိန်းရန် လိုပါသည်။
 Overwight ခန္ဓာကိုယ်မှ အဆီချသူများ အနေနှင့် ဤသင်တန်းတွင် (၁၀)ရက် သို့မဟုတ် ၁-လ သတ်မှတ် အဆီလာချပြီး အတိုင်းအတာ တစ်ခု
အထိ မည်မျှကျသွားစေကာမူ မိမိ ခန္ဓာကိုယ်သည် Overweight အနေအထားပင် ရှိပါသေးက ပုံမှန် ခန္ဓာကိုယ် ဖြစ်သည် အထိ နှစ်သက်ရာ နည်းတစ်
နည်း ဖြင့် ဆက်လက်ဝိတ်ချ ထိန်းရန် လိုအပ်ပါသည်။
 ပိန်သောသူများအနေနှင့်လည်း မိမိလိုချင်သော ခန္ဓာကိုယ်အချိုးအစားရရှိရန် လေ့ကျင့်ကစားသကဲ့သို့ တစ်ဘက်မှလည်း အာဟာရဖြစ်သော အစား
အသောက်များစားသောက်ရန်နှင့် စိတ်ဖိစီးမှုများ ရှောင်ပြီး အိပ်ရေး ဝဝ အိပ်စက်ရန် လိုအပ်ပါသည်။ ပိန်သောသူများ ခန္ဓာကိုယ် အချိုးအစားကျ လှပလို၍
လာကစားပါက သင်တန်းမှဆရာမများ ညွှန်ကြားသည့်အတိုင်း ၃ ရက်ကစား ၁ ရက်နား (သို့) ၂ ရက် ကစား ၁ ရက်နား (သို့) ၁ ရက်ကစား ၁ ရက်နား
ရက်နားရန် လိုအပ်ပါသည်။
 ပိန်လိုသူ၊ ဝလိုသူ နှစ်မျိုးလုံးအနေနှင့် မိမိတို့ ကိုယ်ခန္ဓာ အလေးချိန်နှင့် ခန္ဓာကိုယ်အချိုးအစားများကို နှစ်ပတ်တစ်ခါတိုင်းထွာပြီး အနေအထိုင် အစား
အသောက်ဆင်ခြင်ထိန်းသိမ်းသွားရန် လိုအပ်ပါသည်။
 မနက်အိပ်ယာထမှ ညအိပ်ယာဝင်သည်အထိ တစ်နေ့တာစားသောက်သမျှအားလုံးကို နေ့စဉ်မှတ်တမ်းလုပ်ပြီး တစ်လပြည့်သည့်အခါတွင် ကိုယ်အ
လေးချိန်နှင့် အစာစားသုံးမှု အချိုးညီမညီကို နှိုင်းယှဉ်ချိန်ဆခြင်းဖြင့် လှပသော ခန္ဓာကိုယ်ကို တစ်သက်တာပိုင်ဆိုင်နိုင်မည်ဖြစ်ပါသည်။
|