Ginger Beauty Land
အမှတ် (၈၇)၊ ဧရာဝတီလမ်း နှင့် ဆင်မင်း
လမ်းထောင့်၊ ဆင်မင်းဈေးမှတ်တိုင်အနီး၊
အလုံမြို့ နယ်၊ ရန်ကုန်မြို့  ။
ဖုန်း - (01) 216622, (09) 51 26835,
         (09) 86 10540
 

Content on this page requires a newer version of Adobe Flash Player.

Get Adobe Flash player

Ginger Beauty Fitness Training Centre ၏ Founder / Instructor မစွဲမြတ်ဟေသီ ၏ မိတ်ဆက်နှင့် အကြံပြုလွှာ။
Ginger ၏ မိတ်ဟောင်း၊ မိတ်သစ်များ အားလုံး.......မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ ။

GINGER Beauty Land  ၏ ရည်ရွယ်ချက်

Vision
           -အသက်မွေး ၀မ်းကျောင်း အလုပ် အဖြစ် ရပ်တည် နိုင်ရုံ မဟုတ်ဘဲ အမျိုးသမီးများ အားလုံး ၏ မျက်နှာ ၊ အသား အရည် အလှ အပ နှင့်  ခန္ဓာ ကိုယ် အလှအပ ဆိုင်ရာများ အားလုံး အတွက် GINGER ကို ယုံကြည်မှု ရှိစွာဖြင့် လာရောက် ဆောင်ရွက်နိုင်စေရန်
Mission 
          - Customer များ စိတ်ကျေနပ်မှု အပြည့်အ၀ ရရှိစေရန် အတိကျဆုံး အာမခံ ၊ နွေးထွေးသော စေတနာ ၊ အကောင်းဆုံး သော ၀န်ဆောင်မှ တို့ ဖြင့် GINGER ၏ မိသားစု များ အားလုံး ကြိုးစား ဆောင်ရွက် သွားကြရန်

GINGER  စတင် ဖွင့်လှစ် ဖြစ်ခဲ့ပုံ
            ကျွန်မ သည် ၁၉၉၆ ခုနှစ် တွင် မယုနန္ဒာမြင့် (အမျိုးသမီးအေရိုးဗစ်) သင်တန်း တွင် စတင် ကစားခဲ့ ပြီး ၁၉၉၈ခုနှစ်မှစ၍ အားကစားနှင့် ကာယ ပညာဌာန ဦးစီး အရာရှိ ဆရာမ ဒေါ်ခင်သူ ၏ June အမျိုးသမီး ကိုယ်ကာယ သင်တန်း တွင် ဆက်လက် ကစားခဲ့ပါသည်။ သင်တန်း ၌ စနစ် တကျ ကစားပြီး မအား လပ် ၍ မသွား နိုင် သည့်နေ့ များ တွင် လည်း နေ အိမ်မှာ ပင် တစ်နိုင် စက်ကိရိယာ လေးများ ဖြင့် နေ့စဉ် လေ့ကျင့်ကစားခဲ့သည်။ ထိုသို့လေ့ ကျင့် ကစားရင်း မှ ကျွန်မ သည် ကိုယ် ကာယ သင်တန်း ဖွင့်ဖြစ်ခဲ့ လျှင် နေ့တိုင်း လည်း ကစားဖြစ်မည်၊ သူများ ခန္ဓာကိုယ် အမျိုးမျိုး ကို လှ ပအောင် လုပ်ပေးရင်း ကိုယ့်ခန္ဓာကိုယ် ကိုလည်း လှပအောင် အမြဲ ထိန်း သိမ်းနိုင်မှာပဲ ဟု စိတ်ကူး ရ လာတာကစပြီး ကျွန်မ သည် အမျိုး သမီး ကိုယ်ကာယအလှသင်တန်းနှင့် ပတ်သက်သည့် အချက် အလက် အမျိုးမျိုးကို စတင်လေ့ လာဖြစ် ခဲ့ပါသည်။ ကျွန်မ ကိုယ်တိုင်ကစား ရင်း လေ့ကျင့်ခန်း အမျိုး မျိုး ၏ အားနည်း ချက် ၊ အားသာချက်များ ၊ ကစားခြင်း၏ အကျိုးကျေးဇူးများ ကို သိလာသည် နှင့် အမျှ သင်တန်း ဖွင့်နိုင်ရန် တဖြည်းဖြည်း ခိုင်မာ လာခဲ့ပါသည်။ ပုံစံ အမျိုးမျိုး နှင့် ဝသောသူ၊ ပိန်သော သူ စသည့် ခန္ဓာကိုယ် အမျိုးမျိုး ကို လေ့လာရင်း ကစား နည်း အမျိုးမျိုး ကို လေ့ကျင့် ကစား ဖြစ်ခဲ့ပါ သည်။
                 ထိုသို့ဖြင့် ခန္ဓာကိုယ် အမျိုးမျိုး၏ အားနည်းချက် များ ကို စနစ်တကျ လှပအောင် ပြုပြင် ပေးနိုင်ပြီ ဟု ယုံကြည် ချက် ခိုင်မာလာသောကြောင့် ၂၀၀၅ ခုနှစ် ၊  မေလ (၁) ရက်နေ့တွင် GINGER အမျိုးသမီး သီးသန့် ကိုယ်ကာယ အလှ သင်တန်းကို  ၀လိုသူ ၊ ပိန်လိုသူ ၊ ခန္ဓာ ကိုယ် အချိုး အစား ကျ တောင့်တင်း လှပလိုသူ များနှင့် ဆရာဝန် ညွှန်ကြားမှု ဖြင့် ကျန်းမာရေး သက်သက် ကစားလိုသူ များ အတွက် နည်းစနစ် တကျ လေ့ကျင့် ကစားနိုင်ရန် ရည်ရွယ်၍ စတင် ဖွင့်လှစ်ခဲ့ပါ သည်။

အဆီချ လုပ်ငန်း စတင်ဆောင်ရွက်ဖြစ်ပုံ
ကိုယ်လက်လှုပ်ရှား ကစားခြင်း သည် မှန်မှန် လာပြီး လေ့ကျင့် ကစားသည့်သူများ ကို ကျန်းမာရေး အထူး ကောင်းမွန်စေသည်မှာ မှန်သော်လည်း အချိန်ပေးပြီး လာ မကစား နိုင်သူ ၊ အဝလွန်နေ သော် လည်း အပင်ပန်း မခံနိုင်သဖြင့် မကစားနိုင် သူများ အတွက် အခက်အခဲရှိနေသဖြင့် အချိန်လုံးဝ မပေး နိုင်သူများ ၊ အပင်ပန်း မခံနိုင်သူများ အတွက်ပါ အဆင်ပြေစေပြီး အန္တရာယ် ကင်းကင်းဖြင့် လှပနိုင်စေ ရန် ရည်ရွယ်၍ အချိန်တို အတွင်း ခန္ဓာ ကိုယ် လှပ လာစေ မည့် နည်းလမ်းများကို ထပ်မံ လေ့လာ ခဲ့ရ ပါသည်။ ထိုသို့လေ့လာရာတွင်လည်း ကျွန်မသည် ကိုယ်လက် လှုပ်ရှား ကစားခြင်းဖြင့် သွေး လှည့် ပတ်မှု ကောင်းစေပြီး ခန္ဓာကိုယ် ထူးခြား လှပစေသည် ကိုသာ လက်တွေ့လက်ခံ သည့် သူ ဖြစ် သည့် အတွက် အချိန်တို အတွင်း မပင် မပန်းဘဲ ခန္ဓာကိုယ် လှပ စေရန် တာဝန် ယူ ပေးရသည့် လုပ်ငန်းကို Customer များ၏ ယုံကြည့်မှု အပြည့် ရရှိ ပြီး အောင်မြင် စွာ လုပ်ကိုင်နိုင်ရန်အတွက် ကျွန်မ ၏ ခန္ဓာ ကိုယ်နှင့် အခြား ခန္ဓာ ကိုယ် အမျိုးမျိုး ကို အကြိမ်ပေါင်း များစွာ လက်တွေ့စမ်းသပ်ခဲ့ပြီး ခန္ဓာ ကိုယ် အမျိုးမျိုး ကို အမှန်တကယ် တာဝန်ယူပေးနိုင်ပြီ ဟု ယုံကြည်ချက် ခိုင်မာလာ မှ သာ ၂၀၀ရ စက်တင် ဘာ လ မှ စပြီး အပြင် Customer များ ကို တာဝန် ယူပြီး ထပ်မံ တိုးချဲ့ ဆောင်ရွက်ခဲ့ပါသည်။

မျက်နှာ ၀န်ဆောင်မှုသစ် အမျိုးမျိုး ဆောင်ရွက်ဖြစ်ပုံ
               ထိုသို့ ဆောင်ရွက်ရင်းမှ ကစားလျှင် လည်း မကျ ၊ တစ်ကိုယ်လုံး အဆီချခြင်း ဖြင့် လည်း မကျနိုင်သော မျက်နှာ ဖောင်းသူ ၊ မေးနှစ်ထပ် အဆီရှိ သူများ ၏ တောင်းဆိုမှု ဖြင့် အမျိုးသမီး များ စတင် ၍ ၀ လာလျှင် ဖြစ်လာသော မေးစေ့ နှစ်ထပ် နှင့် ပါးရိုး ၊ မေးရိုး များမှ အဆီပို များ ကို အချိန်တို ( ၁၀ ) ရက် အတွင်း အထူး အာမခံ နှင့် ဖယ်ရှားပေးသည့် မျက်နှာ အဆီချ ၀န်ဆောင်မှု သစ် ကို ပါ ထပ်မံလေ့လာပြီး ၂၀၁၁ ဇန်န၀ါရီ လ တွင် စတင် ဆောင်ရွက်ခဲ့ပါသည် ။  မျက်နှာ အဆီ ချ ပေးခြင်း ကို မျက်နှာဖောင်းသူ မေးနှစ်ထပ် အဆီရှိသည့် Customer အမျိုးမျိုး ကို စိတ်ကျေ နပ်မှု ရှိစွာ ဖြင့် အချိန်တို အတွင်း လျှင်မြန်စွာ ထူးခြား သိသာ လှပ လာအောင် ဆောင် ရွက်ပေးနိုင်သည် ကို ယုံကြည် လာသော ကြောင့် မျက်နှာ ဖောင်းသူ မျက်နှာ သွယ်သူ မရွေး သက်လတ် အမျိုးသမီးများ အသက် အရွယ်တစ်ခု ရလာလျှင် ဖြစ်ပေါ် လာသော လျော့ရဲ ပွစိ တွဲကျ လာသည့် မျက်နှာပြင် နှင့် အရေးအကြောင်း များ ကို အချိန် တို ( ၁၀ ) ရက် အတွင်း အထူး အာမ ခံ နှင့် ပြန်လည် ပင့်တင် ပေး သည့်  Face Lift  ၀န်ဆောင် မှု သစ် နှင့်  ၀က်ခြံ ၊ တင်းတိတ် ၊ နေလောင် ကွက် ပျက်စီးနေ သော  အသား အရည် အမျိုးမျိုးကို သက်သာ ပျောက် ကင်းအောင် ဆောင် ရွက်ပေးသည့် Facial Treatment  ၀န်ဆောင်မှု တစ်ရပ် ကိုပါ ထပ်မံ လေ့လာ ၍ တိုးချဲ့ ဆောင်ရွက် ပေးလျှက်ရှိပါသည် ။

 
Total Visitors :   Website counter